ဖွဲ့စည်းပုံအခြေခံဥပဒေအကူးအပြောင်းများအတွင်း လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး
လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တို့သည် သဘောသဘာဝအားဖြင့် အပြန်အလှန် ချိတ်ဆက်မှု ရှိပါသည်။ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် ဆွေးနွေးပွဲစင်မြင့်သည်ပင် အရပ်ဖက်နှင့် လုံခြုံရေးကဏ္ဍ အဖွဲ့အစည်းများအကြား ဆက်စပ်ပုံ အပြောင်းအလဲများ ပြုလုပ်ရေး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် အရေးပါသော ဆွေးနွေးပွဲစင်မြင့်တစ်ရပ် ဖြစ်နိုင်ပါသည်။
ယင်းနက်နဲရှုပ်ထွေးသော အကူးအပြောင်းများကို ဖြတ်သန်းကျော်လွှားရာတွင် အထောက်အပံ့အဖြစ် အကြံပေးများနှင့် ဆုံးဖြတ်ချက်ချမှတ်သူများကို ပံ့ပိုးမှုပေးရန် ရည်ရွယ်ချက်ဖြင့် ဤမူဝါဒစာတမ်းကို ပြုစုထားပါသည်။ စာတမ်းတွင် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR) နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များအကြား ဆက်စပ်ပုံကို အဓိကဆွေးနွေးတင်ပြထားပါသည်။ သာမန်အားဖြင့် SSR နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးတို့ကို သီးခြားကိစ္စရပ်များအဖြစ် ရှုမြင်ကြသော်လည်း လက်တွေ့တွင် အပြန်အလှန် ချိတ်ဆက်မှုမှာ အထူးနက်ရှိုင်းများပြားပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အထွဋ်အထိပ်ပြုသည့် ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ရန်မှာ လုံခြုံရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းအပေါ် မူတည်ပါသည်။ စစ်ဖက်အုပ်ချုပ်မှု၊ ပြည်တွင်းစစ်၊ အာဏာရှင်အစိုးရအုပ်ချုပ်မှုတို့မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်း ပြုလုပ်သော နိုင်ငံများတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR) လုပ်ငန်းစဉ်များ ပေါင်းဆုံမိလေ့ရှိပါသည်။
Details
Staff author
Contents
ကျေးဇူးတင်လွှာ
အဓိကအကြံပြုချက်များ
အနှစ်ချုပ်ဖော်ပြချက်
၁။ နိဒါန်း
၂။ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် လုံခြုံရေးကဏ္ဍ
၃။ ပကတိအခြေအနေ အကြောင်းအချက်များ
၄။ အရပ်ဖက်မှ ကွပ်ကဲခြင်းနှင့် ကြီးကြပ်ခြင်း
၅။ လုပ်ငန်းများ ခွဲခြားထားခြင်းနှင့် အမျိုးသားလုံခြုံရေးကောင်စီများ
၆။ ဥပဒေစာချုပ်စာတမ်းများ
၇။ လုပ်ငန်းများ ရှေ့နောက်စီစဉ်ခြင်း
၈။ လွတ်ငြိမ်းချမ်းသာခွင့်များနှင့် အကူးအပြောင်းကာလ တရားမျှတမှု
၉။ စီးပွားရေးအကျိုးစီးပွားများ
၁၀။ နိဂုံး
ရည်ညွှန်းချက်များ
စာရေးသူများ
ဤစာအုပ်ကို ထုတ်ဝေသည့် အဖွဲ့အစည်းများ
Give us feedback
Do you have a question or feedback about this publication? Leave us your feedback, and we’ll get back to you
Send feedbackဖွဲ့စည်းပုံအခြေခံဥပဒေအကူးအပြောင်းများအတွင်း လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး

Total views | 1721 |
---|---|
Downloads | 35 |
Rating |
Staff author
Give us feedback
Do you have a question or feedback about this publication? Leave us your feedback, and we’ll get back to you
Send feedback