
ဖက်ဒရယ်စနစ်တွင် သို့မဟုတ် အာဏာလွှဲပြောင်းအပ်နှင်းခြင်းစနစ်တွင် ပြည်သူ့အာဏာကို စီမံခန့်ခွဲမှုပါဝင်သည်။ သို့မှသာ အနည်းဆုံး အစိုးရအဆင့်နှစ်ဆင့်ရှိသော အစိုးရယန္တရားသည် တုံ့ပြန်မှုအားကောင်းမည်ဖြစ်ပြီး ပြည်သူလူထုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံ ၂၅ နိုင်ငံနှင့် အထက်တွင် မတူကွဲပြားသည့် ဖက်ဒရယ်စနစ်အမျိုးမျိုးကို ကျင့်သုံးကြသည်။ ဖက်ဒရယ်စနစ်မကျင့်သုံးသော အခြားသောနိုင်ငံများတွင် နယ်မြေတစ်ခုအတွက် သီးသန့် သို့မဟုတ် နိုင်ငံနှင့်အဝှမ်း အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်အစီအမံထားရှိကာ အာဏာလွှဲပြောင်းအပ်နှင်းခြင်းကဲ့သို့သော နည်းလမ်းများဖြင့် လုပ်ဆောင်ကြသည်။ ဘာကြောင့် ဗဟိုချုပ်ကိုင်မှုစနစ်မှ ဖက်ဒရယ် သို့မဟုတ် အာဏာလွှဲပြောင်းအပ်နှင်းခြင်းစနစ်သို့ ပြောင်းလဲခြင်းမှန်သမျှသည် သိသာသော အပြောင်းအလဲတစ်ရပ် ဖြစ်ကြောင်းကို ဤ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသေးစိတ်လေ့လာချက်စာတမ်း တွင် ရှင်းလင်း ဖော်ပြထားသည်။ ထိုကဲ့သို့သော အပြောင်းအလဲများတွင် ပေါ်ပေါက်တတ်သော စိန်ခေါ်မှုများ နှင့် ထိုစိန်ခေါ်မှုများအား ရင်စိန်ဖြေရှင်းရန် နည်းလမ်းများကိုလည်း အကြံပြုတင်ပြထားသည်။

Contents
နိဒါန်း
၁။ ဖက်ဒရယ်အစိုးရစနစ်ပုံစံ၏ အခြေခံဝိသေသသွင်ပြင်လက္ခဏာများသည် ဘာတွေဖြစ်သနည်း။
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံသစ်များကို အကောင်အထည်ဖော်ဆောင်ရာတွင် မည်သည်တို့ပါဝင်သနည်း။
၃။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် (တစ်ခါတစ်ရံ) တရားစီရင်ရေးအာဏာများကို အစိုးရအဆင့်နှစ်ဆင့်အကြား ခွဲဝေထားခြင်း
၄။ ထိုစိန်ခေါ်မှုများကို မည်ကဲ့သို့ အကောင်းဆုံးရင်ဆိုင်ဖြေရှင်းနိုင်မည်နည်း။
ကိုးကားချက်များနှင့် အခြားဖတ်ရှုစရာများ