ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်းလုပ်ငန်းများ ကျရှုံးရခြင်းနှင့် လေ့လာစရာ သင်ခန်းစာများ
ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်းသည် ထိလွယ်ရှလွယ် အခြေအနေများအတွင်းနှင့် ပဋိပက္ခအပြီး နိုင်ငံရေးဖြေရှင်းချက်အသစ်တစ်ခု ရရှိရေးတွင် အဓိကကျသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ သို့သော် လုပ်ငန်းစဉ်၌ ပါဝင်သူများက အခြေခံဥပဒေအသစ်တစ်ခုနှင့် ပတ်သက်၍ သဘောမတူနိုင်ခြင်း (သို့မဟုတ်) အပြီးသတ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခွင့်မပြု(သို့မဟုတ်) အတည်မပြုခြင်းတို့ကြောင့် အခါအားလျော်စွာ မအောင်မမြင် ဖြစ်တတ်သည်။ မအောင်မြင်ခြင်းက ယာယီသာဖြစ်နိုင်ပြီး လုပ်ငန်းစဉ်ကို ကာလတစ်ခုပြီးသည့်နောက် ပြန်လည်စတင်နိုင်စေကာမူ ကုန်ကျစရိတ်မှာ ကြီးမားနိုင်ပါသည်။ အဓိကကျသော ပြုပြင်ပြောင်းလဲမှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် (သို့မဟုတ်) ပြင်ဆင်တည်းဖြတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုအား လက်ခံအတည်ပြုခြင်းအပေါ်၌ မူတည်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပါက စေ့စပ်ဆွေးနွေးမှုများပြုရာတွင် ကြန့်ကြာမှု ဖြစ်စေနိုင်ပြီး ပဋိပက္ခကို ပြန်လည်ပေါ်ပေါက်စေနိုင်ပါသည်။
ဤစာတမ်းတွင် ကျရှုံးခြင်းအတွက် ဖြစ်နိုင်ခြေရှိသော အကြောင်းတရားများနှင့် ကျရှုံးခြင်းကို တားဆီးရန်(သို့မဟုတ်) ၎င်းအား အခြေခံ၍ ဆက်လက် အကောင်အထည်ဖော်ရန် နည်းလမ်းများအကြောင်းကို ဆွေးနွေးထားပါသည်။ ဤစာတမ်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ကျင်းပခဲ့သော " ပဋိပက္ခလွန်ကာလ အခြေခံဥပဒေ ရေးဆွဲခြင်း ဆိုင်ရာ နဝမအကြိမ် အီဒင်ဘာ့ဂျ် ဆွေးနွေးပွဲ( Ninth Edinburgh Dialogue on Post-Conflict Constitution- Building) ပေါ်အခြေခံ၍ ရေးသားပြုစုထားပါသည်။
Details
Staff author
Contents
အကျဥ်းချုပ်ခြုံငုံဖော်ပြချက်
၁။ ကျရှုံးမှုအပေါ် ထားရှိရမည့် သဘောထား
၂။ ကျရှုံးမှုဆီ ဦးတည်သွားစေနိုင်သော အကြောင်းရင်းများ
၃။ ကျရှုံးမှုပေါ်မှ တည်ဆောက်ခြင်းနှင့် ကျရှုံးမှုအတွက် ပြင်ဆင်ခြင်း - မှတ်သားစရာ သင်ခန်းစာများ
ကိုးကားစာရင်း
Give us feedback
Do you have a question or feedback about this publication? Leave us your feedback, and we’ll get back to you
Send feedbackဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်းလုပ်ငန်းများ ကျရှုံးရခြင်းနှင့် လေ့လာစရာ သင်ခန်းစာများ

Total views | 873 |
---|---|
Downloads | 60 |
Rating |
Staff author
Give us feedback
Do you have a question or feedback about this publication? Leave us your feedback, and we’ll get back to you
Send feedback