
ကမ္ဘာတစ်ဝှမ်းဖြစ်ပွားလျက်ရှိသည့် COVID-19 ရောဂါသည် ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများနှင့် အားလုံးပါဝင်သည့် လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်စေရန် ပေါင်းစပ်ဖြည့်ဆည်းရန်လိုအပ်သော ပုံမှန်လုပ်ဆောင်ရမည့် လုပ်ငန်းများအပေါ် များစွာ အကျိုးသက်ရောက်စေပါသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များသည်လည်း ပုံမှန်လုပ်ဆောင်ရမည့် လုပ်ငန်းများထဲမှ တစ်ခုပင် ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသော အချိန်ကာလတစ်ခုအတွက် ရွေးကောက်ခံ အစိုးရအကြီးအကဲများကို အတည်ပြုရန် သို့မဟုတ် ဖယ်ရှားရန် ပြည်သူလူထုတွင် အခွင့်အရေးရှိခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရနှင့် စံချိန်စံညွှန်းဆိုင်ရာ အခန်းကဏ္ဍတစ်ခုပင် ဖြစ်ပေသည်။ ရွေးကောက်ပွဲကျင်းပခြင်း လုပ်ငန်းစဉ်သည် အများနှင့်ဆိုင်သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ ထိုကဲ့သို့ ရွေးကောက်ပွဲများ ကျင်းပခြင်းသည် လူအများအား တစ်စုတစ်စည်းထဲ ရှိစေသည့်အတွက် COVID-19 ကဲ့သို့သော ရောဂါကို ဖြစ်ပွားစေသည့် virus ပိုး ပြန့်ပွားစေမှုကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ အသိပေးထားသည့်အကြံပြုချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးကပ်ရောဂါဖြစ်ပွားခြင်း ကဲ့သို့သော ထူးခြားသည့်အခြေအနေမျိုးများတွင် ပုံမှန်လုပ်ဆောင်နိုင်မည့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၏ ဝတ္တရားများကို အာမခံနိုင်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ရမည်။ ယခု စာတမ်းသည် COVID-19 ရောဂါပြန့်ပွားနေစဉ်အတောအတွင်း ရွေးကောက်ပွဲများအား စီမံခန့်ခွဲဆောင်ရွက်နေကြရသည့် ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲသူများ၊ အစိုးရဝန်ထမ်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအတွက် အဓိကကျသည့် အချက်များကို ကနဦးခြုံငုံသုံးသပ် ရေးသားထားခြင်းဖြစ်ပါသည်။

Contents
(၁) နိဒါန်း
(၂) ရွေးကောက်ပွဲတစ်ခုစီစဉ်ရာတွင် အဓိကထည့်သွင်းစဉ်းစားရမည့်အချက်များ
(၃) ရွေးကောက်ပွဲအား ဆက်လက်ကျင်းပခြင်း (သို့) ရွှေ့ဆိုင်းခြင်းသည် ၎င်း၏တရားဝင်ဖြစ်မှုအပေါ် အကျိုးသက်ရောက်မှုရှိလိမ့်မည်လား။
(၄) COVID-19 ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း မဲရုံများလိုက်နာရမည့် လမ်းညွှန်ချက်များ
(၅) ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန် (သို့) ဆက်လက်ကျင်းပရန် ဆုံးဖြတ်ခြင်း
(၆) အကြုံပြုချက်များ
ကိုးကားချက်များ