
လက်ရှိလွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ်များ၏ အချိုးသည် ပျမ်းမျှအားဖြင့် ၁၇.၂ ရာခိုင်နှုန်းမျှသာရှိသည်။ ၁၉၉၅ ခုနှစ်က ဘေဂျင်းလုပ်ငန်းစဉ် (Beijing Process) တွင် ချမှတ်ခဲ့သော ရည်မှန်းချက်ဖြစ်သည့် အမျိုးသားအဆင့် လွှတ်တော်များတွင် အမျိုးသမီးများ၏ ကိုယ်စားပြုမှု ၃၀ ရာခိုင်နှုန်းကျော်ရေးကို တစ်ကမ္ဘာလုံးတွင် ၁၉ နိုင်ငံ သာပြည့်မှီခဲ့သည်။ အမျိုးသမီးများ၏ နိုင်ငံရေးကိုယ်စားပြုမှုအပေါ် သက်ရောက်မှုရှိသော အရေးကြီးသော အချက်နှစ်ခုမှာ ရွေးကောက်ပွဲစနစ်နှင့် အမျိုးသမီးများအတွက် ခွဲတမ်းတို့ဖြစ်သည်။ အဆိုပါအချက်များကို နည်းလမ်းအမျိုးမျိုးဖြင့် တွဲဖက်ခြင်းအားဖြင့် အမျိုးသမီးများ၏ ပါဝင်မှုအပေါ် မတူသောရလဒ်များ ဖြစ်ပေါ်စေသည်။
ညီမျှမှုအတွက် ပုံဖော်ခြင်းသည် အမျိုးသမီးများအတွက် ခွဲတမ်းပုံစံအမျိုးမျိုးကို ရွေးကောက်ပွဲ စနစ်များက မည်သို့ လုပ်ဆောင်နေသည်ဟူသော ခြုံငုံလေ့လာမှုကို ဖေါ်ပြသည်။ ၎င်းသည် ရွေးကောက်ပွဲ စနစ်များနှင့် ခွဲတမ်းများကို အမျိုးမျိုးပေါင်းစပ်ခြင်းအားဖြင့် အမျိုးသမီးများ၏ ကိုယ်စားပြုမှု မည်သို့ တိုးတက်လာ နိုင်သည် ဟူသောအချက်ကိုလည်း ဆန်းစစ်ထားသည်။ ဤစာတမ်းသည် နိုင်ငံရေးတွင် အမျိုးသမီးများ၏ ကိုယ် စားပြုမှု တိုးတက်လာအောင် လုပ်ဆောင်နေသူအားလုံးအတွက် ရည်ညွှန်းကိုးကားစရာအဖြစ် ဖြည့်ဆည်းပေးရန် ရည်ရွယ်သည်။

Contents
၁။ နိဒါန်းနှင့် နောက်ခံအကြောင်းအရာ
၂။ ရွေးကောက်ပွဲစနစ်များဆိုသည်မှာ အဘယ်နည်း။
၃။ ခွဲတမ်းဆိုတာ ဘာလဲ။
၎။ အမျိုးသမီးများ၏ ကိုယ်စားပြုမှုအပေါ် သက်ရောက်မှုစေသော ရွေးကောက်ပွဲစနစ်ကိန်းရှင်များ
၅။ ရွေးကောက်ပွဲစနစ်နှင့် ခွဲတမ်းကို ပေါင်းစပ်အသုံးပြုမှုများ - ရလဒ်များ
၆။ အမျိုးသမီးများ ကိုယ်စားပြုမှုအပေါ် သက်ရောက်မှုရှိသော အခြားအမျိုးမျိုးသော နည်းလမ်းများ
၇။ သုံးသပ်ချက်နှင့် အကြံပြုချက်များ
၈။ မှတ်စုများ
၉။ နောက်ထပ် ဖတ်ရှုရန်
၁၀။ ဝေါဟာရ ရှင်းလင်းချက်
နောက်ဆက်တွဲ က။ ကမ္ဘာပေါ်ရှိ ရွေးကောက်ပွဲစနစ်များ (မြေပုံ)
နောက်ဆက်တွဲ ခ။ ရွေးကောက်ပွဲစနစ်နှင့် ခွဲတမ်းပုံစံများ ပေါင်းစပ်အသုံးပြုမှုအပေါ် ခြုံငုံလေ့လာခြင်း