
မြန်မာနိုင်ငံတွင် အမျိုးသမီးများ တန်းတူညီမျှမှု ရှိရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ စည်းရုံးလှုံ့ဆော်သူများ အနေဖြင့် အများပြည်သူအတွက် ဆုံးဖြတ်ချက်ချမှတ်ရာတွင်လည်းကောင်း၊ အများပြည်သူအတွက် တာဝန်ထမ်းဆောင်သည့် အဖွဲ့အစည်းများတွင်လည်းကောင်း အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှုနှင့် အဓိပ္ပါယ်ရှိစွာ ပါဝင်ဆောင်ရွက်နိုင်မှုကို မည်ကဲ့သို့တိုးမြှင့်နိုင်ကြောင်း ဤစာတမ်းတွင် လေ့လာတင်ပြထားပါသည်။ နိုင်ငံအသီးသီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေများဖြင့် ဤအကြောင်းအရာကို မည်သို့ ရည်ရွယ်ချက်ထားရှိဆောင်ရွက်ကြကြောင်း၊ မိမိတို့၏ စည်းရုံးလှုံ့ဆော်ရေး မဟာဗျူဟာများအတွက် မည်သည်တို့ကို သင်ခန်းစာယူနိုင်ကြောင်း လေ့လာတင်ပြထားပါသည်။
စာတမ်းလေးစောင်ပါဝင်သည့် စာစဉ်တွင် ဤစာတမ်းမှာ တစ်စောင်အပါဝင်ဖြစ်ပြီး စာစဉ်ပါ အခြား စာတမ်းများမှာ စာတမ်း အမှတ် ၁ ဂျန်ဒါတန်းတူညီမျှမှုအတွက် ထိရောက်စွာ စည်းရုံးလှုံ့ဆော်ရေး လမ်းညွှန်(A Guide to Being an Effective Advocate for Gender Equality) ၊ စာတမ်း အမှတ် ၃ မြန်မာနိုင်ငံတွင် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုကို တားဆီးခြင်း( Preventing Gender-Based Violence in Myanmar) နှင့် စာတမ်း အမှတ် ၄ - အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း မြန်မာနိုင်ငံတွင် အားလုံးပါဝင်မှုရှိရေးနှင့် ဂျန်ဒါ တန်းတူညီမျှရေး (Inclusion and Gender Equality in Post-Coup Myanmar) တို့ဖြစ်ပါသည်။

Contents
အကျဥ်းချုပ်
၁။ အများပြည်သူဆိုင်ရာအဖွဲ့အစည်းများတွင်လည်းကောင်း၊ ဆုံးဖြတ်ချက် ချမှတ်ရာတွင်လည်းကောင်း အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှုသည် အဘယ်ကြောင့် အရေးကြီးပါသနည်း။
၂။ မြန်မာနိုင်ငံတွင် အများပြည်သူဆိုင်ရာ နယ်ပယ်၌ အမျိုးသမီးများ၏ အဆင့်အတန်း
၃။ အမျိုးသမီးများ တန်းတူညီမျှမှုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးသပ်ခြင်း - အားလုံးပါဝင်မှုရှိပြီး အထောက်အထားကို အခြေပြုသော မူဝါဒချမှတ်ရေးအတွက် အရင်းအမြစ်
၄။ စိတ်အားတက်ကြွဖွယ် ဖြစ်ရပ်လေ့လာချက် - တူနီးရှားနိုင်ငံတွင် အမျိုးသမီးများ ကိုယ်စားပြုပါဝင်နိုင်မှုရှိရေး ဆောင်ရွက်ခဲ့ပုံ
၅။ မြန်မာနိုင်ငံရှိ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများတွင် အမျိုးသမီးများ ကိုယ်စားပြု ပါဝင်မှုအတွက် စည်းရုံးလှုံ့ဆော်ခြင်း
ရည်ညွှန်းစာအုပ်စာတမ်းများ