
ပြည်တွင်းပဋိပက္ခအပြီး ဖြစ်ပွားမှုများပြားလာသော နိုင်ငံရေးအကူးအပြောင်းဖြစ်စဉ်တွင် အကူးအပြောင်းဆိုင်ရာတရားမျှတရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးအား လေ့လာစရာ နှင့် ကြားဖြတ်ဆောင်ရွက်ခြင်း နယ်ပယ်အဖြစ် ပို၍အာရုံစိုက်လာကြောင်းတွေ့ရသည်။
သို့သော် ထိုနယ်ပယ်နှစ်ခုအကြားရှိ အပြန်အလှန်နှီးနွယ်ပတ်သတ်မှုသည် ထိုနယ်ပယ်တို့၏ သီးခြား နှင့် ဘုံတူရည်ရွယ်ချက်များကို မည်သို့အထောက်အကူပြုနိုင်ကြောင်း နားလည်သိရှိရန် အားထုတ်မှုနည်းပါးကြသည်။ ဤမူဝါဒစာတမ်းသည် အကူးအပြောင်းဆိုင်ရာတရားမျှတရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအကြားရှိ ပေါင်းစည်းမှုအားအကြောင်း ကောင်းစွာနားလည်မှုကို မြှင့်တင်၍ အဓိကပန်းတိုင်ဖြစ်သည့် ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းရာ၌ ထိုနယ်ပယ်ရှိ ဆုံးဖြတ်ချက်ချမှတ်သူများ နှင့် ပညာရှင်များအား အကူးအပြောင်းဆိုင်ရာ တရားမျှတရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးတို့၏ အားသာချက်များကို အကောင်းဆုံးဖြစ်စေဖို့ နည်းလမ်းများထည့်သွင်းစဉ်းစားရန် တွန်းအားပေးပါသည်။
ဤစာတမ်းသည် အကူးအပြောင်းဆိုင်ရာတရားမျှတရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတို့၏ ဖြစ်နိုင်သော ပေါင်းစည်းစွမ်းအားကို သရုပ်ပြရှင်းလင်းပြီး ထိုလုပ်ငန်းစဉ်နှစ်ရပ်အား ပေါင်းစည်းခြင်းမှ တွဲပါလာနိုင်သည့် စိန်ခေါ်မှုများကိုလည်း အသေးစိတ်ဖော်ပြပါသည်။ ပုံစံများ သို့မဟုတ် အဖြေများ တိတိကျကျ အကြံမပြုဘဲ ဤစာတမ်းသည် အကူးအပြောင်းဆိုင်ရာတရားမျှတရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေလုပ်ငန်းစဉ်များအား တစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်နေသည်ဟု မမြင်ဘဲ တစ်ခုနှင့်တစ်ခု အပြန်အလှန်အကျိုးပြုသည်ဟု ရှုမြင်ခြင်း၏ အရေးပါပုံကို ဖော်ပြပါသည်။ လုပ်ငန်းစဉ်တစ်ရပ်မှ ၎င်းကိုယ်တိုင်အား မြှင့်တင်နိုင်ရန် မည်သည်များလုပ်ဆောင်နိုင်သည် ဆိုသည့်အချက်အပြင် သီးခြားရပ်တည်မှုများကိုချိုးဖျက်၍ အကူးအပြောင်းဆိုင်ရာတရားမျှတရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးလုပ်ငန်းစဉ်များအကြားရှိ သိမ်မွေ့သည့် အပြန်အလှန်နှီးနွယ်ပတ်သတ်မှုများကိုလေ့လာခြင်းသည် အကူးအပြောင်းဖြစ်စဉ်တွင်ကြုံတွေ့ ရသည့် အဓိကစိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးနိုင်သည်ဆိုသည့် နည်းလမ်းများကိုပါ နားလည်မှု အားကောင်းစေသည်။

Contents
ကျေးဇူးတင်လွှာ
အဓိက အကြံပြုချက်များ
အကျဉ်းချုပ်
၁။ မိတ်ဆက်
၂။ အကူးအပြောင်းအခြေအနေများတွင် နိုင်ငံရေးဆိုင်ရာပြေလည်မှုများ ၊ အကူးအပြောင်း ဆိုင်ရာတရားမျှတရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးတို့အကြား အပြန်အလှန်နှီးနွယ်ပတ်သတ်မှုများ
၃။ ဖွဲစည်းပုံအခြေခံဥပဒေတည်ဆောက်ရေး နှင့် အကူးအပြောင်းဆိုင်ရာတရားမျှတရေး - အယူအဆဆိုင်ရာ မူဘောင်နှင့် နှိုင်းယှဉ်ပြထားသော ချဥ်းကပ်နည်းလမ်းများ
၄။ ကိုးကားစာရင်း
၅။ ဖြစ်ရပ်လေ့လာမှုများ
အတိုကောက်များ
စာရေးသူအကြောင်း
အဖွဲ့အစည်းများအကြောင်း