
မြန်မာနိုင်ငံ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် ၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲများကို လေ့လာစောင့်ကြည့်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ နှစ်မျိုးစလုံး အား ကြိုဆိုခဲ့ပြီး လေ့လာစောင့်ကြည့်မည့် အဖွဲ့အမျိုးအစားတိုင်းအတွက် လိုက်နာရန် ကျင့်ဝတ်များကို ထုတ်ပြန် ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအတွက် ဥပဒေတွင် အခွင့်အာဏာ ပေး ထားခြင်း မရှိပေ။
ဤစာတမ်းသည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင် ပြုပြင်ပြောင်းလဲရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက် နှိုင်းယှဉ်ပြထားသော သာဓကများကို ဖေါ်ပြမှုများ၏ တစိတ်တပိုင်းဖြစ်သည်။ စာတမ်းတွင် မြန်မာနိုင်ငံမှ လက်ရှိဥပဒေများ၏ အခြေအနေကို အကျဉ်းခြုံးဖော်ပြထားကာ အခြားနိုင်ငံများတွင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခြင်းအတွက် ဥပဒေနမူနာများလည်း ဖော်ပြထားပါသည်။
