၂၀၁၉ ခုနှစ် စစ်တမ်းကောက်ယူချက်တစ်ရပ်အရ မြန်မာနိုင်ငံလူဦးရေ ၅၄.၃၈ သန်းအနက် ၁၂.၈ % (ခန့်မှန်း ၅.၉ သန်း) သည် မသန်စွမ်းသူများဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်တွင် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့ (International IDEA) အတွက် ကောက်ယူခဲ့သော စစ်တမ်းတစ်ရပ်တွင် မသန်စွမ်းသူများသည် ပြည်သူလူထုအတွင်း ဖယ်ကြဉ်ခံရမှု အများဆုံး လူအုပ်စုဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။ မသန်စွမ်းသူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း အပြင်းထန်ဆုံး ထိခိုက်သူများတွင် အပါအဝင်ဖြစ်ပြီး အခွင့်အရေးများ ဆုံးရှုံးမှု၊ ပညာရေးဆုံးရှုံးမှု၊ ကျန်းမာရေးထိခိုက်ပျက်ပြားမှု၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ လျော့နည်းကျဆင်းမှုတို့ကို ကြုံတွေ့ရလျက်ရှိပါသည်။

ဤမူဝါဒစာတမ်းတိုတွင် အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံတွင် မသန်စွမ်းသူ (PWD) များ အကျုံးဝင်ပါဝင်မှုရှိစေရေး မဟာဗျူဟာများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ဆဲ အကူးအပြောင်း လုပ်ငန်းစဉ်နှင့် ဆက်စပ်လျက် လေ့လာဆွေးနွေးထားပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီနှင့် ယင်းနောက်ပိုင်း မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုအခက်အခဲများကို မသန်စွမ်းသူများအား ပံ့ပိုးမှုပေးရာတွင် ကြားကာလအစိုးရအဖွဲ့အစည်းများ ကြုံတွေ့ရသည့် စိန်ခေါ်မှုအခက်အခဲများနှင့်တကွ အလေးပေးဖော်ပြထားပါသည်။ မြန်မာနိုင်ငံ၏ ကြားကာလအစိုးရအဖွဲ့အစည်းများတွင် မသန်စွမ်းသူများ အကျုံးဝင်ပါဝင်မှု မည်မျှရှိကြောင်းနှင့် မသန်စွမ်းသူများရေးရာဆိုင်ရာ နိုင်ငံတကာ ဥပဒေမူဘောင်ကို ထောက်ရှုလျက် မသန်စွမ်းသူများ ပါဝင်ရေးနှင့် စပ်လျဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) တွင် မည်သို့ ဖော်ပြထားကြောင်း လေ့လာဆန်းစစ်ထားပါသည်။

ဤစာတမ်းအား ရယူဖတ်ရှုရန် အခက်အခဲရှိသူများအတွက် ဖတ်ရှုရလွယ်ကူသောစာတမ်းပုံစံကို ဒေါင်းလုတ်ရယူနိုင်ပါသည်။ ထိုဖတ်ရှုလွယ်စာတမ်းအား မကြာမီ မြန်မာဘာသာဖြင့် ရရှိနိုင်မည်ဖြစ်သည်။

မူဝါဒစာတမ်းကို word ဖိုင်ဖြင့် ‌ဒေါင်းလုတ်ရယူ ဖတ်ရှုနိုင်ပါသည်။ 

PDF ဖိုင်အမျိုးအစားဖြင့် - ဤစာတမ်းအား ဖတ်ရှုနားလည်ရန် အခက်အခဲရှိသူများအတွက် ဖတ်ရ၊ မှတ်ရလွယ်ကူသောစာတမ်းပုံစံကို မြန်မာဘာသာဖြင့် ဒေါင်းလုတ်ရယူနိုင်ပါသည်။ 

Word ဖိုင် အမျိုးအစားဖြင့် - ဤစာတမ်းအား ဖတ်ရှုနားလည်ရန် အခက်အခဲရှိသူများအတွက် ဖတ်ရ၊ မှတ်ရလွယ်ကူသောစာတမ်းပုံစံကို မြန်မာဘာသာဖြင့် ဒေါင်းလုတ်ရယူနိုင်ပါသည်။
 

Details

Publication date
21 March 2024
Language(s)
Englishမြန်မာဘာသာ (Myanmar)
Author(s)
Nathalie Ebead (နာတာလီ အိဘိဒ်) နှင့် မသန်စွမ်းသူများ ခွင့်တူညီမျှ ပူး‌ပေါင်းဆောင်ရွက်ရေးအဖွဲ့ (MCERP) တို့ ရေးသားပြုစုသည်။
Number of pages
37
Co-Publisher(s)
(နာတာလီ အိဘိဒ်) နှင့် မသန်စွမ်းသူများ ခွင့်တူညီမျှ ပူး‌ပေါင်းဆောင်ရွက်ရေးအဖွဲ့ ((MCERP) တို့ ရေးသားပြုစုသည်။
ISBN
978-91-7671-754-7 (PDF)

Author(s)

Contents

ဤစာတမ်းအား ဖတ်ရှုနားလည်ရန် အခက်အခဲရှိသူများအတွက် ဖတ်ရ၊ မှတ်ရလွယ်ကူသောစာတမ်းပုံစံကို မြန်မာဘာသာဖြင့် ဒေါင်းလုတ်ရယူနိုင်ပါသည်။ 

Word ဖိုင် အမျိုးအစားဖြင့် - ဤစာတမ်းအား ဖတ်ရှုနားလည်ရန် အခက်အခဲရှိသူများအတွက် ဖတ်ရ၊ မှတ်ရလွယ်ကူသောစာတမ်းပုံစံကို မြန်မာဘာသာဖြင့် ဒေါင်းလုတ်ရယူနိုင်ပါသည်။

အကျဉ်းချုပ်ဖော်ပြချက်

၁။ အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံတွင် မသန်စွမ်းသူ (PWD) များ အကျုံးဝင်ပါဝင်မှုနှင့် နိုင်ငံရေးတွင် ထိရောက်စွာ ပါဝင်ဆောင်ရွက်မှုအတွက် စိန်ခေါ်မှုအခက်အခဲများမှာ မည်သည်တို့နည်း။

၂။ မသန်စွမ်းသူများအတွက် လက်ရှိနိုင်ငံတကာဥပဒေမူဘောင်နှင့် အာဏာသိမ်းမှုမတိုင်မီ ပြည်တွင်းဥပဒေမူဘောင်အရ မြန်မာနိုင်ငံ၏ အကူးအပြောင်းကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ လုပ်ငန်းစဉ်အတွက် မည်သည့် အဓိပ္ပာယ်သက်ရောက်မှုများ ရှိပါသနည်း။

၃။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ မူများအရ အကူးအပြောင်းကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များတွင် မသန်စွမ်းသူများ ထိရောက်စွာပါဝင်ရေးကို မည်သို့ ဆောင်ရွက်ရပါမည်နည်း။

၄။ အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံ ကြားကာလအစိုးရအဖွဲ့အစည်းများသည် မည်မျှ လူတိုင်းအကျုံးဝင်ပါဝင်မှုရှိပြီး မသန်စွမ်းသူများ၏ လိုအပ်ချက်များကို မည်မျှ သိမြင်နားလည်ပါသနည်း။

၅။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် မသန်စွမ်းသူများ ပါဝင်မှု မြှင့်တင်ရေး မဟာဗျူဟာများ

ရည်ညွှန်းစာအုပ်စာတမ်းများ

အတိုကောက်အသုံးအနှုန်းများ

စာရေးသူအကြောင်း

အဖွဲ့အစည်းများအကြောင်း
 

Give us feedback

Do you have a question or feedback about this publication? Leave us your feedback, and we’ll get back to you

Send feedback

ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အကျုံးဝင်ပါဝင်မှု

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာများ
Total views 245
Downloads 29
Rating
Close tooltip