
ဤစာတမ်းငယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အားလုံးပါဝင်မှုရှိရေး မဟာဗျူဟာများကို လေ့လာတင်ပြထားပါသည်။ စာတမ်းငယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲမှ ဒီမိုကရေစီ ဘက်တော်သားများ၏ အခန်းကဏ္ဍနှင့် တောင်းဆိုမှုများ အပါအဝင် မြန်မာနိုင်ငံရှိ ဂျန်ဒါ တန်းတူညီမျှရေးနှင့် အားလုံးပါဝင်မှုရှိရေးတို့နှင့် စပ်လျဉ်းသည့် စိန်ခေါ်မှုများကို အထူးပြု တင်ပြထားပါသည်။ ထို့အပြင်လည်း တရားဝင်မှုရှိသော ကြားဖြတ်အစိုးရ၏ အဖွဲ့အစည်း ယန္တရားများ မည်မျှအတိုင်းအတာအထိ ကျယ်ပြန့်စုံလင်မှုရှိပြီး၊ မွမ်းမံပြီးဖြစ်သော ဖယ်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်တွင် ဂျန်ဒါရေးရာ၊ အားလုံးပါဝင်မှုရှိရေးတို့နှင့် ပတ်သက်၍ မည်သို့ ပြောကြားထားသည်ကို ဆန်းစစ်လေ့လာထားပါသည်။
ဤစာတမ်းငယ်သည် စာစဉ်လေးတွဲထုတ်ဝေမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကျန်သုံးပိုင်းဖြစ်သည့် စာတမ်း အမှတ် ၁ ဂျန်ဒါတန်းတူညီမျှမှုအတွက် ထိရောက်စွာ စည်းရုံးလှုံ့ဆော်ရေးလမ်းညွှန် (A Guide to Being an Effective Advocate for Gender Equality) ၊ အမှတ် ၂ အနှစ်သာရပိုင်းတန်းတူညီမျှမှုနှင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများတွင် အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှု (Substantive Equality and Women’s Representation in Public Institutions) ၊ အမှတ် ၃ မြန်မာနိုင်ငံတွင် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကို တားဆီးခြင်း (Preventing Gender-Based Violence in Myanmar) တို့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှု မတိုင်မီက ရေးသားခဲ့ပါသည်။
Contents
အကျဥ်းချုပ်
၁။ မြန်မာနိုင်ငံတွင် အားလုံးပါဝင်မှုရှိရေးနှင့် ဂျန်ဒါ တန်းတူညီမျှရေးတို့နှင့် ပတ်သက်သည့် စိန်ခေါ်မှုများမှာ အဘယ်နည်း။
၂။ အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုအတွင်းမှ အမျိုးသမီးများ၊ လူငယ်များနှင့် လူနည်းစု တိုင်းရင်းသားများ၏ အခန်းကဏ္ဍများနှင့် တောင်းဆိုမှုများမှာ အဘယ်နည်း။
၃။ အားလုံးပါဝင်မှုရှိရေး၊ ဂျန်ဒါ တန်းတူညီမျှမှုတို့နှင့် စပ်လျဉ်း၍ ဖယ်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်တွင် မည်သို့ ဖော်ပြထားပါသနည်း။
၄။ ကြားကာလ အစိုးရအဖွဲ့အစည်းယန္တရားများဖြစ်ကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့သည် ဘက်စုံထောင့်စုံမှ ပါဝင်ဖွဲ့စည်းမှု မည်မျှအထိ အားကောင်းပါသနည်း။
၅။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် အမျိုးသမီးများ၊ လူငယ်များနှင့် လူနည်းစု တိုင်းရင်းသားများ ပါဝင်မှု မြင့်မားစေရေးအတွက် မဟာဗျူဟာများ
ရည်ညွှန်းကိုးကားချက်များ