ဂျူဘာငြိမ်းချမ်းရေးသဘောတူစာချုပ်နှင့် ဆူဒန်အကူးအပြောင်း

အာဏာခွဲဝေခြင်းလော သို့တည်းမဟုတ် ဒီမိုကရေစီ တည်ဆောက်ခြင်းလော။
131
This publication is only available in electronic format
Published: 
4 May 2023
Language: 
မြန်မာဘာသာ
Pages: 
17
ISBN: 
978-91-7671-629-8 (PDF)
Author(s): 
Sami A. Saeed

ဂျူဘာငြိမ်းချမ်းရေးသဘောတူစာချုပ် (Juba Peace Agreement) (JPA) ကို ၂၀၂၀ခုနှစ် အောက်တိုဘာလ ၃ ရက်တွင် ဆူဒန်အစိုးရနှင့် ဆူဒန် တော်လှန်ရေးတပ်ဦး (Sudan Revolutionary Front) (SRF) အမည်ရှိ လက်နက်ကိုင်လှုပ်ရှားမှု အုပ်စုများနှင့် နိုင်ငံရေးအုပ်စုများ ညွန့်ပေါင်းအဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်ဘက်တိုက်ခိုက်မှုများ ရပ်ဆိုင်းရေးတစ်စိတ်တစ်ဒေသ အောင်မြင်မှုရရှိခဲ့ပါသည်။ ယုံကြည်မှုတည်ဆောက်ရေးနှင့် နိုင်ငံရေးသဘောတူညီမှု၊ ညှိနှိုင်းဆွေးနွေးမှုတို့ ပေါ်ပေါက်နိုင်သည့် အခြေအနေကောင်းများ ဖန်တီးရေးအတွက်လည်း လမ်းဖွင့်ပေးနိုင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင်အမျိုးသား ကွန်ဂရက်ပါတီ (National Congress Party) (NCP) ခေါင်းဆောင် သမ္မတ အိုမာအယ်ဘာရှီရ် (Omar al-Bashir) ၏ အာဏာရှင်အစိုးရ ပြုတ်ကျသွားပြီးနောက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ယင်းအခြေအနေကောင်းများ လိုအပ်သည်ဟု အသိအမှတ်ပြုကြပါသည်။

JPA တွင် တန်းတူညီမျှမှုရှိရေး၊ ခွဲခြားဆက်ဆံမှု မပြုရေး၊ အရပ်ဘက် ဒီမိုကရေစီနည်းကျ ဖက်ဒရယ်နိုင်ငံတော် တည်ထောင်ရေး၊ ပဋိပက္ခကြောင့် ထိခိုက်သော နယ်မြေဒေသများတွင် တန်းတူရေး အထူးစီမံဆောင်ရွက်ချက် (affirmative action) နှင့် အကူးအပြောင်းကာလ တရားမျှတမှု (transitional justice) အပါအဝင် ဒီမိုကရေစီ မူ အများအပြားကို အလေးအနက် ဖော်ပြထားပါသည်။

ဤစာတမ်းတွင် ကောက်နှုတ်သုံးသပ်သည်မှာ ဒီမိုကရေစီ အကူးအပြောင်း လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးနှင့် JPA အောင်မြင်မှု ရရှိရေး အစီအမံများ မူဘောင်အတွင်းတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်သည့် လုပ်ငန်းစဉ်နှင့် ဒီမိုကရေစီ အကူးအပြောင်း လုပ်ငန်းစဉ် တို့ကို သီးခြားစီမဟုတ်ဘဲ တစ်ခုနှင့် တစ်ခု ဖြည့်ဘက်ဖြစ်စေလျက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ သို့မှသာ လုပ်ငန်းစဉ် နှစ်ရပ်လုံး အောင်မြင်မှုရရှိပါမည်။

Contents

၁။ ဆူဒန်နိုင်ငံတွင် ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေး၏ အရေးပါပုံ

၂။ အာဏာခွဲဝေခြင်းနှင့် ဒီမိုကရေစီအကူးအပြောင်း

၃။ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကြောင့် ဒီမိုကရေစီအသွင်ပြောင်းလဲရေးလမ်းကြောင်း အသစ်တဖန် ပြောင်းလဲခြင်း

၄။ အာဏာခွဲဝေမှု သို့မဟုတ် ဒီမိုကရေစီတည်ဆောက်ရေး မည်သည်ကို အကောင်အထည်ဖော်ခဲ့ပါသနည်း။

၅။ သဘောတူစာချုပ် အကောင်အထည်မဖော်နိုင်ခြင်း၏ အကျိုးဆက်များ

၆။ JPA ကို ပြင်ဆင်ခြင်းနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ

၇။ နိဂုံး

ရည်ညွှန်းကိုးကားသော စာအုပ်စာတမ်းများ

စာရေးသူ

Related Content

Mar
28
2023

Participants in the Young Political Leaders Academy (YPLA). Image credit: International IDEA.

News Article
Mar
10
2023

Artwork by Sudanese visual artist Rana Jubara.

Commentary