
International IDEA မှ ထုတ်ဝေလျက်ရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း” စာတမ်းများကို နိုင်ငံတစ်ဝှမ်း ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ရေးသားထုတ်ဝေသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ဥပဒေပြုသူများ၊ နိုင်ငံသားများအတွက် အထောက်အပံ့ ဖြစ်စေမည် ဖြစ်သည်။
အစိုးရများအကြားဖွဲ့စည်းထားသည့် အဖွဲ့အစည်း များရှိ ဝန်ထမ်းများ နှင့် ဒေသခံ ဆုံးဖြတ်ချက်ချသူများအား မှန်ကန် တိကျသော သက်ဆိုင်ရာ အချက်အလက်များ ပေးရန် တာဝန်ရှိသည့် အခြား ပြင်ပ အဖွဲ့အစည်းများအား နည်းဆောင်လမ်းပြပေးရန် အတွက်လည်း အသုံးဝင်ပေသည်။ နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ အထူးကျွမ်းကျင်သူများ မဟုတ်သော သာမန်စာဖတ်သူများအတွက် အကြောင်းအရာ ခေါင်းစဉ်များအလိုက် မိတ်ဆက်စာအနေဖြင့်လည်း ရေးသားထား သည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးနယ်ပယ်၌ ဗဟုသုတ၊ အတွေ့အကြုံရှိပြီးသူတို့ ပြန်လည်နှီးနှော ဖတ်ရှုနိုင်ရန်အတွက်လည်း အသုံးဝင်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်သူများ၏ လက်တွေ့ကျကျ ကြုံတွေ့ရသော ရွေးချယ်မှုများအပေါ်တွင် အကြောင်းအရာအလိုက် စနစ်တကျ ခွဲခြားတင်ပြခြင်းဖြင့် ရှုပ်ထွေးပွေလီလှသော အခြေခံဥပဒေဆိုင်ရာ ပြဿနာများကို လွယ်ကူရှင်းလင်းသော နည်းလမ်းများဖြင့် ရှင်းပြနိုင်ရန် ရှေးရှုသည်။

Contents
၁။ နိဒါန်း
၂။ မည်သည်က စဉ်းစားရမည့် ကိစ္စရပ် ဖြစ်သနည်း။
၃။ နိုင်ငံတော်အရေးပေါ်ကာလများကိုကြေညာခြင်း၊ ဖျက်သိမ်းခြင်းနှင့် ကာလတိုးမြှင့် သတ်မှတ်ခြင်း
၎။ အရေးပေါ်ကာလများတွင် အခွင့်အရေးများအား ကန့်သတ်ခြင်း
၅။ အရေးပေါ်အခြေအနေတစ်ခု၏ နောက်ဆက်တွဲ သက်ရောက်မှုများ
၆။ မဏ္ဍိုင်သုံးရပ်အကြား အပြန်အလှန်ထိန်းကျောင်း စောင့်ကြပ်ခြင်း
၇။ ရေခံမြေခံအခြေအနေများနှင့်စပ်လျဉ်းသော ထည့်သွင်းစဉ်းစားချက်များ
၈။ ဥပမာများ
၉။ ဆုံးဖြတ်ချက်ချမှတ်ရာတွင် စဉ်းစားရမည့်မေးခွန်းများ
၁၀။ ကိုးကားချက်များ