
International IDEA ၏ ကမကထပြုဆောင်ရွက်မှုတစ်ခုဖြစ်သော “ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ- ကမ္ဘာ့ ခေါင်းဆောင်များထံမှ သင်ယူခြင်း (ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် ပုံနှိပ်တိုက် ၂၀၁၅)” သည် နိုင်ငံအသီသီးတွင် ဒီမိုကရေစီနိုင်ငံအဖြစ် မည်သို့ဖြစ်လာသည်ကို သီးသန့်လေ့လာထားခြင်းဖြစ်သည်။
ရွေးချယ်ထားသော အခန်းအချို့အား မြန်မာဘာသာသို့ ပြန်ဆိုမှုသည် အာဏာရှင်စနစ် ချုပ်ငြိမ်းမှု၊ ဒီမိုကရေစီ တည်ဆောက်မှုတို့အပေါ် လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်အတွင်း ယင်းကဲ့သို့ အသွင်ကူးပြောင်းမှုများတွင် အဓိက ကဏ္ဍမှ ပါဝင်ခဲ့ကြသော တိုက်ကြီးသုံးခုမှ သမ္မတဟောင်း ၇ ဦး၏ ကိုယ်ပိုင်အမြင်များကို ထင်ဟပ်ဖေါ်ပြထား သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို မြှင့်တင်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့နှင့်ပတ်သက်၍ နိုင်ငံရေးခေါင်းဆောင် များထံမှ သင်ခန်းစာယူခြင်းများအပေါ် ဦးတည်ဆွေးနွေးထားသည့် ဘာသာစကားမျိုးစုံဖြင့် ထုတ်ဝေသော ပထမ တွဲတွင် တစ်ဦးချင်း မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှုများတွင် ပေးသောမှတ်ချက်များ ပါဝင်သည်။
မူရင်းအင်္ဂလိပ်ဘာသာထုတ်ဝေမှုကို ဆာဂျီယိုဘီတာနှင့် အေဘရာဟင်အက်ဖ်လိုဝင်သာ တို့က ပူးတွဲတည်းဖြတ် ထားကြပြီး International IDEA ၏ အထွေထွေအတွင်းရေးမှူးချုပ် ယူဗီးစ်လီတာမီက အမှာစကား ရေးသား ရာတွင် “ကျွန်ုပ်တို့ဖြစ်စေ အခြားသူများဖြစ်စေ ယခုအချိန်အထိ မထုတ်ဝေနိုင်သေးသော အရာမှာ မတူညီသော တိုက်ကြီးများတွင် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုများ မည်သို့အောင်မြင်ခဲ့သည်ကို ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်များထံမှ တိုက်ရိုက်ပြောဆိုမှုပင် ဖြစ်သည်။ စိတ်လှုပ်ရှားစရာကောင်းသော ယခုထုတ်ဝေမှုသည် အဆိုပါ အရေးကြီးသောဟာကွက်ကို ဖြည့်ပေးထားသည်” ဟု ဖေါ်ပြထားသည်။
Contents
၁။ ချီလီနိုင်ငံ၏ အောင်မြင်သောအသွင်ကူးပြောင်းမှု - ပြင်းထန်သော ကွဲလွဲမှုများမှ တည်ငြိမ်သော ဒီမိုကရေစီသို့
ဂျီနာရို အာရီယာဂါဒါ
ချီလီသမ္မတ (၁၉၉၀-၉၄) ပက်ထရီစီယို အိုင်လ်ဝင်နှင့် အင်တာဗျူး
ချီလီသမ္မတ (၂၀၀၀-၂၀၀၆) ရီကာဒိုလာဂို့စ်နှင့် အင်တာဗျူး
၂။အင်ဒိုနီးရှား၏ ဒီမိုကရေစီအတွက် စွန့်စားခန်းများ - ပြဿနာများ၊ အလားအလာများနှင့် ကျန်ရှိနေသော စိန် ခေါ်မှုများ
ဘာတီယာ အက်ဖန်ဒီနှင့် မူတီရာ ပါတီဗီ
အင်ဒိုနီးရှားသမ္မတ (၁၉၉၈-၉၉) ဘီဂျေဟာဘီဘီနှင့် အင်တာဗျူး
၃။ ဖိလစ်ပိုင် - “ပြည်သူ့အာဏာ လှုပ်ရှားမှု၊ ဒုက္ခများကြုံခဲ့ရသော အသွင်ကူးပြောင်းမှုနှင့် ကောင်းမွန်သော အုပ်ချုပ်မှု”
မတ်ခ်အာာရ် သွမ်ဆန်
ဖိလစ်ပိုင်သမ္မတ (၁၉၉၂-၉၈) ဖီဒယ်လ်ရာမို့စ်နှင့် အင်တာဗျူး
၎။ ပိုလန်၏ အံ့မခန်းအတွေ့အကြုံ - ဆန္ဒပြမှုများ၊ ဖိနှိပ်မှုများ၊ စေ့စပ်ညှိနှိုင်းမှုများ၊ ရွေးကောက်ပွဲများနှင့် ရှေ့ တိုးနောက်ငင် နိုင်ငံရေးတို့မှတဆင့် ဒီမိုကရေစီကို ဖန်တီးခြင်း
ဂျိမ်း အယ်လ် ကာရီး
ပိုလန်သမ္မတ (၁၉၉၅-၂၀၀၅) အလက်ဇန္ဒာ ကွာနူစကီးနှင့် အင်တာဗျူး
ပိုလန်ဝန်ကြီးချုပ် (၁၉၈၉-၉၁) တက်ဒူ့စ်မာဇိုဝက်ကီနှင့် အင်တာဗျူး
၅။ စပိန် - လွှဲပြောင်းခြင်းဖြင့် အသွင်ကူးပြောင်းခြင်း
ချားလ်စ်ပါဝဲလ်
စပိန်သမ္မတ (၁၉၈၂-၉၆) ဖိလိပီ ဂွန်ဇာလက်ဇ်နှင့် အင်တာဗျူး
၆။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများတွင် ပါဝင်သော အမျိုးသမီးတက်ကြွလှုပ်ရှားသူများ
ဂျော်ဂျီနာဝေလင်
သုံးသပ်ချက်- အာဏာရှင်အုပ်ချုပ်မှုမှ ဒီမိုကရေစီအုပ်ချုပ်ရေးဆီသို့
အေဘရာဟမ် အက်ဖ် လိုဝင်သာနှင့် ဆာဂျီယို ဘီတာ
ကျေးဇူးတင်လွှာ
အယ်ဒီတာများနှင့် ဆောင်းပါးရှင်များ အကြောင်း
ကျမ်းကိုးစာရင်း