လွှတ်တော်နှစ်ရပ်ဖြင့် ဥပဒေပြုခြင်းဟူသည် ဥပဒေပြုရေးအာဏာကို လွှတ်တော်နှစ်ရပ်ကြားခွဲဝေအသုံးပြုသည့် စနစ်ဖြစ်သည်။ ဥပဒေပြုလွှတ်တော်နှစ်ရပ်ထားရှိခြင်းဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အစိုးရများကို ကိုယ်စားပြုနိုင်သည်၊ စိစစ်ရေးနှင့် ပြန်လည်သုံးသပ်ရေး ကျွမ်းကျင်ပညာရှင်အစုအဖွဲ့အဖြစ်လည်း တာဝန်ယူဆောင်ရွက်နိုင်သည်၊ အောက်လွှတ်တော်၏အာဏာကို ဒီမိုကရေစီနည်းဖြင့် ထပ်ဆောင်းထိန်းကျောင်းနိုင်သည်၊ လူမှုစီးပွားရေးဆိုင်ရာ အကျိုးစီးပွားအထွေထွေ သို့မဟုတ် လူမျိုးနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းကွဲပြားသော လူနည်းစုများအတွက် ကိုယ်စားပြုမှုကိုလည်း ဆောင်ကျဉ်းပေးနိုင်သည်။

International IDEA မှ ထုတ်ဝေလျက်ရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း” စာတမ်းများကို နိုင်ငံတစ်ဝှမ်း ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ရေးသားထုတ်ဝေသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ဥပဒေပြုသူများ၊ နိုင်ငံသားများအတွက် အထောက်အပံ့ ဖြစ်စေမည် ဖြစ်သည်။

အစိုးရများအကြားဖွဲ့စည်းထားသည့် အဖွဲ့အစည်း များရှိ ဝန်ထမ်းများ နှင့် ဒေသခံ ဆုံးဖြတ်ချက်ချသူများအား မှန်ကန် တိကျသော သက်ဆိုင်ရာ အချက်အလက်များ ပေးရန် တာဝန်ရှိသည့် အခြား ပြင်ပ အဖွဲ့အစည်းများအား နည်းဆောင်လမ်းပြပေးရန် အတွက်လည်း အသုံးဝင်ပေသည်။

နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ အထူးကျွမ်းကျင်သူများ မဟုတ်သော သာမန်စာဖတ်သူများအတွက် အကြောင်းအရာ ခေါင်းစဉ်များအလိုက် မိတ်ဆက်စာအနေဖြင့်လည်း ရေးသားထား သည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးနယ်ပယ်၌ ဗဟုသုတ၊ အတွေ့အကြုံရှိပြီးသူတို့ ပြန်လည်နှီးနှော ဖတ်ရှုနိုင်ရန်အတွက်လည်း အသုံးဝင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်သူများ၏ လက်တွေ့ကျကျ ကြုံတွေ့ရသော ရွေးချယ်မှုများအပေါ်တွင် အကြောင်းအရာအလိုက် စနစ်တကျ ခွဲခြားတင်ပြခြင်းဖြင့် ရှုပ်ထွေးပွေလီလှသော အခြေခံဥပဒေဆိုင်ရာ ပြဿနာများကို လွယ်ကူရှင်းလင်းသော နည်းလမ်းများဖြင့် ရှင်းပြနိုင်ရန် ရှေးရှုသည်။

ယခု ပြန်လည်ပြင်ဆင်ထုတ်ဝေထားသည့် စာအုပ်ကို အောက်တိုဘာလ ၂၀၁၇ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။

Details

Publication date
21 January 2020
Language(s)
Englishالعربية (Arabic)Español (Spanish)မြန်မာဘာသာ (Myanmar)
Author(s)
Elliot Bulmer
Number of pages
50
ISBN
978-91-7671-289-4 (PDF)
978-91-7671-288-7 (Print)

Author(s)

Contents

၁။ နိဒါန်း

၂။ မည်သည်က စဉ်းစားရမည့် ကိစ္စရပ်ဖြစ်သနည်း

၃။ အထက်လွှတ်တော်တစ်ရပ် ထားရှိသင့်ပါသလား

၎။ အထက်လွှတ်တော် အမျိုးအစားများ

၅။ ရွေးချယ်နိုင်သည့် ပုံစံများ - ပေါင်းစပ်ဖွဲ့စည်းပုံနှင့် တည်ဆောက်ပုံ

၆။ ရွေးချယ်နိုင်သည့် ပုံစံများ - အခွင့်အာဏာများ

၇။ သာဓကများ

၈။ ဆုံးဖြတ်ချက်ချမှတ်ရေးနှင့် ပက်သက်သည့် မေးခွန်းများ

နောက်ဆက်တွဲ.

Give us feedback

Do you have a question or feedback about this publication? Leave us your feedback, and we’ll get back to you

Send feedback

ဥပဒေပြုလွှတ်တော် နှစ်ရပ်ထားရှိခြင်း

Total views 2021
Downloads 8
Rating
Close tooltip