ကန့်သတ်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များ
ကန့်သတ်မှုဆိုင်ရာပြဋ္ဌာန်းချက်တစ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဋ္ဌာန်းချက်တစ်ရပ်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးထားသောအခွင့်အရေးများကို ဒီမိုကရေစီနည်းကျ လျော်ကန်သောရည်ရွယ်ချက်များအတွက် အတိုင်းအတာတစ်ခုအထိ တစ်စိတ်တစ်ပိုင်း ကန့်သတ်ခြင်းဖြစ်သည်။ ကန့်သတ်မှုဆိုင်ရာပြဋ္ဌာန်းချက်သည် ရည်ရွယ်ချက်ကြောင့်ဖြစ်စေ၊ သဘောသဘာဝကြောင့်ဖြစ်စေ၊ အတိုင်းအတာကြောင့်ဖြစ်စေ ဒီမိုကရေစီကိုအန္တရာယ်ဖြစ်စေနိုင်သော အခွင့်အရေးများအပေါ် အလွန်အကျွံကန့်သတ်ချက်များအား တားမြစ်ရန်လည်းကြိုးပမ်းသည်။
International IDEA မှ ထုတ်ဝေလျက်ရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း” စာတမ်းများကို နိုင်ငံတစ်ဝှမ်းဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကောင်းမွန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ရေးသားထုတ်ဝေသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ဥပဒေပြုသူများ၊ နိုင်ငံသားများအတွက် အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။
ဤစာတမ်းတစ်ခုချင်းစီသည် နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ အထူးကျွမ်းကျင်သူများမဟုတ်သော သာမန်စာဖတ်သူများအတွက် အကြောင်းအရာခေါင်းစဉ်များအလိုက်မိတ်ဆက်စာအနေဖြင့်လည်း ရေးသားထားသည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးနယ်ပယ်၌ ဗဟုသုတ၊ အတွေ့အကြုံရှိပြီးသူတို့ ပြန်လည်နှီးနှော ဖတ်ရှုနိုင်ရန်အတွက်လည်း အသုံးဝင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်သူများ၏ လက်တွေ့ကျကျ ကြုံတွေ့ရသော ရွေးချယ်မှုများအပေါ်တွင် အကြောင်းအရာအလိုက် စနစ်တကျခွဲခြားတင်ပြခြင်းဖြင့် ရှုပ်ထွေးပွေလီလှသော အခြေခံဥပဒေဆိုင်ရာ ပြဿနာများကို လွယ်ကူရှင်းလင်းသော နည်းလမ်းများဖြင့် ရှင်းပြနိုင်ရန် ရှေးရှုသည်။
Details
Staff author
Contents
၁။ နိဒါန်း
၂။ အဓိကအကြောင်းအရာက ဘာလဲ။
၃။ အခွင့်အရေးများနှင့် ၎င်းတို့၏ ကန့်သတ်ချက်များ
၄။ ကန့်သတ်မှုဆိုင်ရာပြဋ္ဌာန်းချက်များကို ဒီဇိုင်းရေးဆွဲခြင်း
၅။ ရေခံမြေခံအခြေအနေများကို ထည့်သွင်းစဥ်းစားခြင်း
၆။ နှိုင်းယှဥ်လေ့လာဥပဒေသိပ္ပံပညာ
၇၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းအတွက် မေးခွန်းများ
၈။ သာဓကများ
ကိုးကားချက်များ
နောက်ဆက်တွဲ
Give us feedback
Do you have a question or feedback about this publication? Leave us your feedback, and we’ll get back to you
Send feedbackကန့်သတ်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များ

Total views | 2185 |
---|---|
Downloads | 24 |
Rating |
Staff author
Give us feedback
Do you have a question or feedback about this publication? Leave us your feedback, and we’ll get back to you
Send feedback