တရားရေးဆိုင်ရာ ရာထူးများ၏ တည်မြဲပိုင်ခွင့်၊ ထုတ်ပယ်ခြင်း၊ အထူးကင်းလွတ်ခွင့်များနှင့် တာဝန်ခံမှု
ဤစာတမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကျင့်သုံးသည့် ဒီမိုကရေစီစနစ်ရှိ တရားသူကြီးများ၏ရာထူးသက်တမ်း၊ အထူးကင်းလွတ်ခွင့်များ စည်းမျဉ်းစည်းကမ်းများနှင့် ၎င်းတို့အားရာထူးမှ ထုတ်ပယ်ခြင်းတို့အပေါ် အုပ်စိုးသည့်နည်းဥပဒေများကို ထည့်သွင်းဆွေးနွေးထားသည်။ အထူးသဖြင့် တရားရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် သမာသမတ်ရှိမှု၊ တရားရေးဆိုင်ရာ တုံ့ပြန်ဖြေရှင်းခြင်းနှင့် တာဝန်ခံမှုတို့အကြား ဟန်ချက်ညီမျှတစေမည့် နည်းလမ်းအထွေထွေကို ဆွေးနွေးတင်ပြထားသည်။
International IDEA မှ ထုတ်ဝေလျက်ရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း” စာတမ်းများကို နိုင်ငံတစ်ဝှမ်း ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ရေးသားထုတ်ဝေသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ဥပဒေပြုသူများ၊ နိုင်ငံသားများအတွက် အထောက်အပံ့ ဖြစ်စေမည် ဖြစ်သည်။ အစိုးရများအကြားဖွဲ့စည်းထားသည့် အဖွဲ့အစည်း များရှိ ဝန်ထမ်းများ နှင့် ဒေသခံ ဆုံးဖြတ်ချက်ချသူများအား မှန်ကန် တိကျသော သက်ဆိုင်ရာ အချက်အလက်များ ပေးရန် တာဝန်ရှိသည့် အခြား ပြင်ပ အဖွဲ့အစည်းများအား နည်းဆောင်လမ်းပြပေးရန် အတွက်လည်း အသုံးဝင်ပေသည်။
နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ အထူးကျွမ်းကျင်သူများ မဟုတ်သော သာမန်စာဖတ်သူများအတွက် အကြောင်းအရာ ခေါင်းစဉ်များအလိုက် မိတ်ဆက်စာအနေဖြင့်လည်း ရေးသားထား သည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးနယ်ပယ်၌ ဗဟုသုတ၊ အတွေ့အကြုံရှိပြီးသူတို့ ပြန်လည်နှီးနှော ဖတ်ရှုနိုင်ရန်အတွက်လည်း အသုံးဝင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်သူများ၏ လက်တွေ့ကျကျ ကြုံတွေ့ရသော ရွေးချယ်မှုများအပေါ်တွင် အကြောင်းအရာအလိုက် စနစ်တကျ ခွဲခြားတင်ပြခြင်းဖြင့် ရှုပ်ထွေးပွေလီလှသော အခြေခံဥပဒေဆိုင်ရာ ပြဿနာများကို လွယ်ကူရှင်းလင်းသော နည်းလမ်းများဖြင့် ရှင်းပြနိုင်ရန် ရှေးရှုသည်။
ယခု ပြန်လည်ပြင်ဆင်ထုတ်ဝေထားသည့် စာအုပ်ကို အောက်တိုဘာလ ၂၀၁၇ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။
Details
Staff author
Contents
၁။ နိဒါန်း
၂။ မည်သည်က စဉ်းစားရမည့် ကိစ္စရပ်ဖြစ်သနည်း။
၃။ စံချိန်စံညွှန်းများနှင့် အခြေခံမူများ
၎။ တရားရေးဆိုင်ရာ ရာထူးသက်တမ်း
၅။ တရားသူကြီးများအား စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းကျောင်းခြင်းနှင့် ရာထူးမှ ထုတ်ပယ်ခြင်း
၆။ တရားရေးဆိုင်ရာ အထူးကင်းလွတ်ခွင့်များ၊ သဟဇာတမဖြစ်မှုများ၊ အသုံးစရိတ်နှင့် လစာများ
၇။ ရေခံမြေခံအနေအထားများကို ထည့်သွင်းစဉ်းစားခြင်း
၈။ ဥပမာများ
၉။ ဆုံးဖြတ်ချက်ချမှတ်ရာတွင် စဉ်းစားရမည့်မေးခွန်းများ
ကိုးကားချက်များ
Give us feedback
Send feedbackတရားရေးဆိုင်ရာ ရာထူးများ၏ တည်မြဲပိုင်ခွင့်၊ ထုတ်ပယ်ခြင်း၊ အထူးကင်းလွတ်ခွင့်များနှင့် တာဝန်ခံမှု

Total views | 2228 |
---|---|
Downloads | 21 |
Rating |
Staff author
Give us feedback
Do you have a question or feedback about this publication? Leave us your feedback, and we’ll get back to you
Send feedback