ထိန်းညှိခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာ လွတ်လပ်သော (စတုတ္ထမဏ္ဍိုင်) အင်စတီကျူးရှင်းများ
ဤစာတမ်းတွင် ထိန်းညှိခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာ လွတ်လပ်သော အင်စတီကျူးရှင်းများအကြောင်းကို ဆွေးနွေးတင်ပြထားပါသည်။ ထိုအင်စတီကျူးရှင်းများမှာ နိုင်ငံရေးအရ ဘက်လိုက်မှုမရှိဘဲ၊ အစိုးရ၏ မဏ္ဍိုင်ကြီး (၃) ရပ် မှ လွတ်လပ်သည့် အများဆိုင်အင်စတီကျူးရှင်းများဖြစ်သည်။ ၎င်းတို့၏ရည်ရွယ်ချက်မှာ ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ်အတွက် သမာဓိတည်ဆောက်ရန်နှင့် လိုအပ်သည့်အရည်အသွေးနှင့် တည်တံ့ခိုင်မြဲမှုကိုပေးရန်တို့ဖြစ်သည်။
International IDEA မှ ထုတ်ဝေလျက်ရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း” စာတမ်းများကို နိုင်ငံတစ်ဝှမ်းဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေး သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကောင်းမွန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ရေးသားထုတ်ဝေသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ဥပဒေပြုသူများ၊ နိုင်ငံသားများအတွက် အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။
ဤစာတမ်းတစ်ခုချင်းစီသည် နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ အထူးကျွမ်းကျင်သူများမဟုတ်သော သာမန်စာဖတ်သူများအတွက် အကြောင်းအရာခေါင်းစဉ်များအလိုက်မိတ်ဆက်စာအနေဖြင့်လည်း ရေးသားထားသည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးနယ်ပယ်၌ ဗဟုသုတ၊ အတွေ့အကြုံရှိပြီးသူတို့ ပြန်လည်နှီးနှော ဖတ်ရှုနိုင်ရန်အတွက်လည်း အသုံးဝင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်သူများ၏ လက်တွေ့ကျကျ ကြုံတွေ့ရသော ရွေးချယ်မှုများအပေါ်တွင် အကြောင်းအရာအလိုက် စနစ်တကျခွဲခြားတင်ပြခြင်းဖြင့် ရှုပ်ထွေးပွေလီလှသော အခြေခံဥပဒေဆိုင်ရာ ပြဿနာများကို လွယ်ကူရှင်းလင်းသော နည်းလမ်းများဖြင့် ရှင်းပြနိုင်ရန် ရှေးရှုသည်။
Details
Staff author
Contents
၁။ နိဒါန်း
၂။ အဓိက အကြောင်းအရာက ဘာလဲ။
၃။ အခြေခံဒီဇိုင်းရွေးချယ်စရာများ
၄။ ရေခံမြေခံအခြေအနေများကို ထည့်သွင်းစဥ်းစားခြင်း
၅။ အားနည်းချက်များ နှင့် အခြားနည်းလမ်းများ
၆။ ဆွေးနွေးရန် ဥပမာများ
၇။ ဥပမာများ
ကိုးကားချက်များနှင့်ဆက်လက်လေ့လာရန် စာပေများ
Give us feedback
Do you have a question or feedback about this publication? Leave us your feedback, and we’ll get back to you
Send feedbackထိန်းညှိခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာ လွတ်လပ်သော (စတုတ္ထမဏ္ဍိုင်) အင်စတီကျူးရှင်းများ

Total views | 2337 |
---|---|
Downloads | 25 |
Rating |
Staff author
Give us feedback
Do you have a question or feedback about this publication? Leave us your feedback, and we’ll get back to you
Send feedback