ဤစာတမ်းတွင် ဆူဒန် ဒီမိုကရေစီအကူးအပြောင်းအစီအစဉ် (၂၀၁၉ ခုနှစ် မှ ၂၀၂၁ ခုနှစ်အတွင်း မတူကွဲပြားမှု စီမံခန့်ခွဲရေးကို လေ့လာဆန်းစစ်ထားပါသည်။ 'မတူကွဲပြားမှု စီမံခန့်ခွဲရေးအယူအဆကို အဓိကအားဖြင့် ဥပဒေပြု လုပ်ငန်းစဉ်အတွက် အသုံးပြုခြင်း ဖြစ်ပါသည်။ လူအုပ်စုအသီးသီး၏ ပထဝီနယ်မြေအလိုက်၊ ယဉ်ကျေးမှုများအလိုက်၊ တိုင်းရင်းသားလူမျိုးများအလိုက်၊ ဘာသာစကားများအလိုက် မတူကွဲပြားမှုကို အုပ်ချုပ်စီမံရာတွင် ဆူဒန်သည် မဟာဗျူဟာမြောက် အမျိုးသားစီမံကိန်းကို ထင်ဟပ်လျက် ဥပဒေအများအပြားကို နိုင်ငံတကာ မူများနှင့်အညီ ပြဋ္ဌာန်းပြီး မတူကွဲပြားမှုကို စီမံခန့်ခွဲပါသည်။ 

ဤစာတမ်းတွင် တည်ဆဲဆူဒန်ဥပဒေကို ဆန်းစစ်လျက် အမျိုးသား အကူးအပြောင်း လုပ်ငန်းစဉ်စာတမ်းများနှင့် ဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း တည်ဆဲဆူဒန်ဥပဒေ၏ အတူယှဉ်တွဲနေထိုင်မှုကို စီမံအုပ်ချုပ်သည့် အခန်းကဏ္ဍ၊ လူနည်းစုအခွင့်အရေးများကို အကာအကွယ်ပေးသည့် အခန်းကဏ္ဍ၊ လူ့အခွင့်အရေးများကို လိုက်နာကျင့်သုံးရေး အခန်းကဏ္ဍတို့ကို လေ့လာတင်ပြထားပါသည်။ မတူကွဲပြားမှုကို ငြိမ်းချမ်းစွာ စီမံခန့်ခွဲရာတွင် ဆူဒန်သည် လစ်ဟာချက်များစွာ ရှိကြောင်းပေါ်လွင်စေသည့် အညွှန်းကိန်းအချို့ကို စာရေးသူက စဉ်းစားသုံးသပ်ဖော်ပြထားပါသည်။ 

မတူကွဲပြားမှု လက်ရှိအခြေအနေ၊ သက်ရောက်မှုများနှင့် စပ်လျဉ်း၍ ပြည်တွင်းဥပဒေများကို ဆန်းစစ်လေ့လာခြင်းဖြင့် မတူကွဲပြားမှု စီမံခန့်ခွဲရေး ပထမခြေလှမ်း ဆောင်ရွက်နိုင်ကြောင်း စာရေးသူက ကောက်ချက်ချထားပါသည်။ ထို့နောက် ဖော်ထုတ်ရရှိသော လစ်ဟာချက်များကို ဖြေရှင်းရန် ဆူဒန်အနေဖြင့် နိုင်ငံတကာ စံချိန်စံနှုန်းများအပေါ် အခြေပြု၍ မတူကွဲပြားမှု စီမံခန့်ခွဲရေးနှင့် တန်းတူညီမျှရေးကို ရှေးရှုလျက် ဥပဒေပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ရေးဆွဲရမည်ဖြစ်ကြောင်း စာရေးသူက ကောက်ချက်ချထားပါသည်။

Details

Publication date
30 October 2023
Language(s)
Englishالعربية (Arabic)မြန်မာဘာသာ (Myanmar)
Number of pages
24
ISBN
978-91-7671-681-6 (PDF)

Related databases & tools

Contents

နိဒါန်း

၁။နိုင်ငံတကာမူဘောင်

၂။ပြည်တွင်း/နိုင်ငံအဆင့် ဥပဒေမူဘောင်
- ၂၀၁၉ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကြေညာချက်
- အမျိုးသားရွေးကောက်ပွဲများအက်ဥပဒေ ၂၀၀၈ ခုနှစ် (၂၀၁၄ ခုနှစ်တွင် ပြင်ဆင်ထားသည်)
- ဒေသန္တရအစိုးရအက်ဥပဒေ ၂၀၀၃ ခုနှစ်
- ၁၉၉၆ ခုနှစ် ခါတွမ် အများပြည်သူ ငြိမ်ဝပ်ပိပြားမှုအက်ဥပဒေ 
- ဓလေ့ထုံးတမ်းဥပဒေ 

၃။ငြိမ်းချမ်းရေးသဘောတူစာချုပ်များ

- ဆူဒန်ငြိမ်းချမ်းရေး ဂျူဘာ (Juba) သဘောတူစာချုပ် ၂၀၂၀ ခုနှစ် အောက်တိုဘာလ

- မူများကြေညာချက် ၂၀၂၁ ခုနှစ်

၄။နိဂုံး

Give us feedback

Do you have a question or feedback about this publication? Leave us your feedback, and we’ll get back to you

Send feedback

ဆူဒန် ဒီမိုကရေစီအကူးအပြောင်းအစီအစဉ်များတွင် မတူကွဲပြားမှုကို စီမံခန့်ခွဲခြင်း

နည်းပညာစာတမ်း ၁၊၂၀၂၃ ခုနှစ် ဇန်နဝါရီလ
Total views 211
Downloads 11
Rating
Close tooltip