
ဖက်ဒရယ်စနစ်အားလုံးရှိ တရားရေးစနစ်တွင် အကျုံးဝင်သော အထွေထွေအခြေခံမူများရှိသော်လည်း ဖက်ဒရယ်စနစ် အမျိုးမျိုးရှိ တရားစီရင်ရေးကဏ္ဍကို ဖွဲ့စည်းရာတွင် နည်းလမ်းအမျိုးမျိုးနှင့် ထိုသို့တည်ဆောက်ရာတွင် အာဏာနှင့် လုပ်ပိုင်ခွင့်များ ခွဲဝေသတ်မှတ်သော မတူညီသည့်နည်းလမ်းများရှိသည်။ နည်းလမ်း တစ်ခုချင်းစီကို စဉ်းစားသုံးသပ် ဆုံးဖြတ်ချက်ချမှတ်ရာတွင်၊ အမျိုးမျိုးသော ပြဿနာကိစ္စရပ်များစွာဖြင့် ကြုံတွေ့နိုင်သည်။
မတူညီသော အတွေ့အကြုံများကို နှိုင်းယှဉ်လေ့လာခြင်းဖြင့် သတင်းအချက် အလက်နှင့် အသိပညာများ ပေးစွမ်းနိုင်သော်လည်း အပြီးသတ်ရွေးချယ်ရေးသည် ဖက်ဒရယ် တိုင်းပြည်တစ်ခုချင်းစီ၏ ဦးစားပေးအရာများနှင့် ရေခံမြေခံအနေအထားများအပေါ် မူတည်သည်။
ဤအကျဉ်းချုပ်သည် တရားစီရင်ရေးမဏ္ဍိုင်အား မည်သို့ဖွဲ့စည်းသင့်သည် ဆိုသည့် ကိစ္စရပ် အပေါ်မဆွေးနွေးမီ ဖက်ဒရယ်စနစ်တစ်ခုရှိ အုပ်ချုပ်မှုပုံစံများနှင့် ပက်သက်ပြီး သမားရိုးကျဝိသေသများနှင့် အဓိကလက္ခဏာများအား အကြမ်းဖျဉ်းပုံဖော်ခြင်းဖြင့် မိတ်ဆက်တင်ပြထားသည်။ ဖက်ဒရယ်စနစ်ရှိ တရားစီရင်ရေးမဏ္ဍိုင် ဖွဲ့စည်းရာတွင် ထည့်သွင်းစဉ်းစားရန် စပ်ဆက်မှုရှိသော မေးခွန်းနှစ်ခုကို ဤစာတမ်းမှ ဖော်ထုတ်ဆွေးနွေးထားပါသည်။ တရားရုံးများ၏ ဖွဲ့စည်းပုံ၊ ဖက်ဒရယ်စနစ်တစ်ခုအတွင်းရှိ သတ်မှတ်ပေးထားသော လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေသင့်/ မသင့် နှင့် (အကယ်၍ ခွဲဝေခဲ့လျှင် မည်သို့ခွဲဝေမည်) ဆိုသည့် အချက်များကို အခြေခံကျကျ ဆွေးနွေးထားသည်။

Contents
၁။ နိဒါန်း
၂။ ဖက်ဒရယ်စနစ် ကျင့်သုံးသော နိုင်ငံများအကြောင်း
၃။ တရားစီရင်ရေးမဏ္ဍိုင် ဖွဲ့စည်းရန်အတွက် ဖက်ဒရယ်စနစ် ကျင့်သုံးသော အခြားနိုင်ငံများမှ လေ့လာသိမှတ်ဖွယ်ရာများ
၄။ နှိုင်းယှဥ်ရွေးချယ်နိုင်သည့် နည်းလမ်းများ
၅။ ဖွဲ့ စည်းပုံအခြေခံဥပဒေအား ပြန်လည်ဆန်းစစ်ခြင်း
ကိုးကားချက်များ နှင့် ဆက်လက်ဖတ်ရှု့လေ့လာရန်