ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် နိုင်ငံတကာဥပဒေ

2,511
This publication is only available in electronic format
Published: 
22 June 2020
Language: 
မြန်မာဘာသာ
Pages: 
15
Author(s): 
Cheryl Saunders

နိုင်ငံတကာဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးတွင် ပိုမိုထည့်သွင်းစဉ်းစားလာရသည့် သင့်လျော်သောအချက်တစ်ချက်ဖြစ်လာသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်တွင် နိုင်ငံတကာဥပဒေ၏ ပြည်တွင်းဥပဒေအပေါ် အကျိုးသက်ရောက်မှုကို ပြဋ္ဌာန်းခြင်းက အထောက်အကူဖြစ်စေပါသည်။ အကယ်၍ နိုင်ငံတကာဥပဒေအားလုံး သို့မဟုတ် အချို့သည် အလိုအလျောက် အကျိုးသက်ရောက်ပါက ပြည်တွင်းဥပဒေအဆင့်များတွင် ၎င်းနိုင်ငံတကာဥပဒေသည် မည်သည့်အဆင့်မှ ရပ်တည်မည်နည်းဆိုသည့်အချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြခြင်းက အထောက်အကူဖြစ်စေပါသည်။

ဤဖွဲ့စည်းပုံအခြေခံဥပဒေစာတမ်းတိုကို မြန်မာနိုင်ငံအတွက်အသုံးပြုရန် ကနဦးရေးသားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေများ၏ သဘောသဘာဝကို ရှင်းပြရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းနှင့် ဆက်စပ်ပုံကိုလေ့လာရန်ဖြစ်သည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲစဉ်နှင့် သိသိသာသာပြင်ဆင်မှုများ လုပ်ဆောင်ချိန်တွင် မေးလေ့ရှိသော နိုင်ငံတကာဥပဒေဆိုင်ရာအောက်ပါ အဓိကမေးခွန်းလေးခုကို ရှင်းလင်းထားပါသည်။

  • ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် ပြည်တွင်းဥပဒေစနစ်တွင် နိုင်ငံတကာဥပဒေနှင့်ပြည်တွင်းဥပဒေများအကြား ဆက်စပ်မှုကိုဖော်ပြသင့်သလား။ ဖော်ပြသင့်ပါက ရွေးချယ်စရာတွေက ဘာတွေလဲ။
  • နိုင်ငံတော်သည် နိုင်ငံတကာဥပဒေ၏ ကတိကဝတ်များ စည်းနှောင်မှုရှိစေရန် မည်သို့ဆောင်ရွက်ကြောင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် သီးခြားဖော်ပြသင့်ပါသလား။
  • အကယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဖော်ပြချက်အပေါ် နိုင်ငံတကာဥပဒေ၏ အကျိုးသက်ရောက်မှုရှိပါက ဘာတွေလဲ။
  • အကယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်မှုလုပ်ငန်းစဉ်အပေါ် နိုင်ငံတကာဥပဒေ၏ အကျိုးသက်ရောက်မှုရှိပါက ဘာတွေလဲ။

Contents

နိဒါန်း

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာလဲ။

၂။ နိုင်ငံတကာဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်း မည်သို့ဆက်စပ်သနည်း။

၃။ ပြည်တွင်းဥပဒေစနစ်များတွင် နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေအကြားဆက်စပ်မှု

၄။ နိုင်ငံများအနေဖြင့် နိုင်ငံတကာဥပဒေအောက် ဥပဒေကတိကဝတ်ပြုစည်းနှောင်မှုများတွင် မည်သို့ဝင်ရောက်သနည်း။

၅။ ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ ဖော်ပြချက်အပေါ် နိုင်ငံတကာဥပဒေ၏ သက်ရောက်မှုများ

၆။ ဖွဲ့စည်းပုံတည်ဆောက်ခြင်းလုပ်ငန်းစဥ်အပေါ် နိုင်ငံတကာဥပဒေ၏ အကျိုးသက်ရောက်မှုများ

နိဂုံး

ကိုးကားချက်များ

Related Content

Jul
20
2022
Participants during previous training sessions by International IDEA-Al Fashir, Sudan, by International IDEA 

Participants during previous training sessions by International IDEA-Al Fashir, Sudan. Image credit: International IDEA.

News Article
Jul
04
2022
Image credit: AMISOM Public Information@flickr

Image credit: AMISOM Public Information@flickr

News Article
Jun
30
2022

Photo credit: Myanmar Project Collective / Visuallrebellion.org

News Article