
ဤဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသေးစိတ်လေ့လာချက်စာတမ်း တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အရေးပါသောအပြောင်းအလဲများ လုပ်ဆောင်နိုင်ရေးအတွက် အခြေခံဥပဒေအသစ်ရေးဆွဲခြင်းနှင့် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲခြင်းအကြား ရွေးချယ်မှုကို လေ့လာဆန်းစစ်ထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်း၏ အစောပိုင်းအဆင့်များ၌ ထွက်ပေါ်လာသော ဤရွေးချယ်မှုများသည် အခြေခံဥပဒေတည်ဆောက်ခြင်းလုပ်ငန်းစဥ်အပေါ် သက်ရောက်နိုင်မှုရှိပြီး တရားဝင်မှုရှိသော အပြောင်းအလဲတစ်ရပ်အဖြစ် လူအများလက်ခံနိုင်စေရန်အတွက်လည်း အရေးပါမှုရှိသည်။ အခြေခံဥပဒေအသစ်ရေးဆွဲခြင်း သို့မဟုတ် ပြင်ဆင်ပြောင်းလဲခြင်းအကြား ရွေးချယ်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်း၏ အောင်မြင်မှုအပေါ်တွင်လည်း သက်ရောက်မှုရှိနိုင်သည်။

Contents
နိဒါန်း
၁။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ် ရေးဆွဲခြင်း နှင့် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ပြင်ဆင်ပြောင်းလဲခြင်းတို့အကြား ကွာခြားချက်က အဘယ်နည်း။
၂။ အခြေခံဥပဒေအသစ်တစ်ရပ်ရေးဆွဲခြင်း နှင့် ပြင်ဆင်ပြောင်းလဲခြင်းအကြား ရွေးချယ်မှုအပေါ် မည်သည့်အချက်များက လွှမ်းမိုးနေသနည်း။
၃။ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းလုပ်ငန်းစဥ်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း နှင့် ပြင်ဆင်ပြောင်းလဲခြင်းအကြား ရွေးချယ်မှု၏ အရေးပါမှုမှာ အဘယ်နည်း။
ကိုးကားချက်များနှင့် အခြားဖတ်ရှုစရာများ