တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများသည် အခြားသော တိုင်းဒေသကြီး/ပြည်နယ် ဥပဒေများအပေါ် လွှမ်းမိုးပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် နိုင်ငံရေးအာဏာကို ကန့်သတ်ခြင်း၊ စုဖွဲ့ခြင်းများ ဆောင်ရွက်သည့် စာဖြင့်ရေးသားထားသော ဥပဒေအစီအမံများ ဖြစ်သည်ဟု ယေဘုယျ နားလည်သဘောပေါက်ကြပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ မူလပထမ ရည်မှန်းချက်များမှာ တိုင်းဒေသကြီး/ပြည်နယ်၏ အုပ်ချုပ်မှုစနစ်ကို အတိအလင်း သတ်မှတ်ရန်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်၏ ပိုင်နက်နယ်မြေ အတွင်း နိုင်ငံသားများ၏ အခွင့်အရေးများကို ပြဋ္ဌာန်းပေးလေ့ ရှိပါသည်။ တိုင်းဒေသကြီး/ပြည်နယ် အဆင့် နိုင်ငံရေးအသိုက်အ၀န်းကို သတ်မှတ်ခြင်း၊ ကိုယ်ပိုင်စရိုက်လက္ခဏာကို သတ်မှတ်ပြဋ္ဌာန်း ခြင်းများလည်း ရှိပါသည်။ တဖန် တိုင်းဒေသကြီး/ပြည်နယ်များကို နိုင်ငံတော်တွင် စုဖွဲ့ပါဝင်သည့် နယ်မြေဒေသအလိုက် သတ်မှတ်ထားသော အစိတ်အပိုင်းများအဖြစ်လည်း သတ်မှတ်နိုင်ပါသည်။

ဤမူဝါဒစာတမ်းတွင် ဖက်ဒရယ်နိုင်ငံများနှင့် တစ်ပြည်ထောင်နိုင်ငံများ (သို့မဟုတ် ဖက်ဒရယ် စနစ်ကို ရောစပ်ကျင့်သုံးသော နိုင်ငံများ) ရှိ ထိလွယ်ရှလွယ် အခြေအနေများနှင့် ပဋိပက္ခသက် ရောက်မှုရှိသည့် နယ်မြေဒေသများတွင် စစ်အေးတိုက်ပွဲပြီးနောက် ၁၉၉၁ ခုနှစ်မှ စတင်၍ ပြဋ္ဌာန်း ထားရှိကြသည့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို လေ့လာဖော်ပြ ထားပါသည်။ ထိလွယ်ရှလွယ် အခြေအနေများနှင့် ပဋိပက္ခသက်ရောက်မှုရှိသည့် နယ်မြေဒေသ များတွင် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို ရေးဆွဲပြဋ္ဌာန်းသည့် လုပ်ငန်းစဉ်၊ စီစဉ်ရေးဆွဲပုံတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ ပိုမိုကျယ်ပြန့်သော နိုင်ငံရေး ဖြေရှင်း ချက်နှင့် ငြိမ်းချမ်းရေးတည်ဆောက်သည့် လုပ်ငန်းစဉ်တွင် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ ပိုမိုကျယ်ပြန့်သော အခန်းကဏ္ဍတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ မူဝါဒ စာအုပ်စာတမ်းများ၊ ပညာရပ်စာအုပ်စာတမ်းများ၏ လစ်ဟာချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပါသည်။

Details

Publication date
01 June 2018
Language(s)
Englishမြန်မာဘာသာ (Myanmar)العربية (Arabic)Français (French)
Author(s)
Kimana Zulueta-Fülscher, Asanga Welikala
Number of pages
100
ISBN
978-91-7671-173-6 (PDF)
978-91-7671-164-4 (Print)

Contents

ကျေးဇူးတင်လွှာ

အကျဉ်းချုပ်ဖော်ပြချက်

အဓိကအကြံပြုချက်များ

၁။ နိဒါန်း

၂။ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ - အယူအဆ သဘောတရား မူဘောင်

၃။ ထိလွယ်ရှလွယ် အခြေအနေများနှင့် ပဋိပက္ခသက်ရောက်မှုရှိသည့် နယ်မြေဒေသများရှိ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ

၎။ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်သည့် လုပ်ငန်းစဉ်ကို ပုံစံထုတ် စီစဉ်ဆောင်ရွက်ခြင်း

၅။ တိုင်းဒေသကြီး/ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်သည့် လုပ်ငန်းစဉ်အတွက် အခြားထည့်သွင်းစဉ်းစားရန်အချက်များ

၆။ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီဇိုင်းပုံစံရေးဆွဲခြင်း

၇။ နိဂုံး

နောက်ဆက်တွဲ (က) - တိုင်းဒေသကြီး/ပြည်နယ်အဆင့် အင်စတီကျူးရှင်း မူဘောင်အတွက် သတ်မှတ်ချက်များ

နောက်ဆက်တွဲ (ခ) - တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲခြင်းနှင့် အတည်ပြုခြင်း

နောက်ဆက်တွဲ (ဂ) - တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် သဘောတူညီချက်များစာရင်း

ရည်ညွှန်းစာအုပ်စာတမ်းများ

စာရေးသူများအကြောင်း

International IDEA အကြောင်း

International IDEA မှ ပြုစုထုတ်ဝေသော အခြားမူဝါဒ စာတမ်းများ

Give us feedback

Do you have a question or feedback about this publication? Leave us your feedback, and we’ll get back to you

Send feedback

ထိလွယ်ရှလွယ်အခြေအနေများနှင့် ပဋိပက္ခသက်ရောက်မှုရှိသည့် နယ်မြေဒေသများရှိ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ

Total views 3313
Downloads 5
Rating
Close tooltip