
ဝန်ဆောင်မှုပေးရာတွင် စံနှုန်းနိမ့်ကျသောတိုင်းပြည်များတွင် တူညီသောအချက်တစ်ခုမှာ ထိရောက်သော ဆုပေး ဒဏ်ပေးစနစ်များနှင့်ဆိုင်သော ပြဌာန်းချက်မျိုး အနည်းငယ်သာရှိခြင်း သို့မဟုတ် လုံးဝမရှိခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် တာဝန်ခံမှု ယန္တရားသည် လုပ်ငန်းခွင် ဆောင်ရွက်ချက်များတွင် အလားသဏ္ဍာန်တူသည်ဟု ထင်ရသော်လည်း လက်တွေ့ဆောင်ရွက်ရာတွင်မူ များစွာပိုမိုရှုပ်ထွေးသည်။ ဝန်ဆောင်မှုပေးခြင်းနှင့် တာဝန်ခံမှုအလုပ်ဖြစ်နိုင်မည့် နည်းလမ်းတို့အပေါ် သက်ရောက်နေသည့် မတူသည့် နည်းလမ်းများစွာရှိသည်။ ယင်းကဲ့သို့သော စနစ်များသည် လုံးဝမရှိခြင်း၊ အမည်ခံမျှသာရှိခြင်း သို့မဟုတ် သရုပ်လက္ခဏာ၊ လိင်ပိုင်းဆိုင်ရာ ဦးစားပေးမှု၊ အသက်အရွယ်၊ ဝင်ငွေ၊ မသန်စွမ်းမှု၊ အာဏာ စသည်တို့အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်း စသည်တို့ကို များသောအားဖြင့် တွေ့ရသည်။
ဤလမ်းညွှန်တွင် ဒီမိုကရေစီနည်းကျ တာဝန်ခံမှုစနစ်များတွင် တိုးတက်မှုများကို ဖော်ထုတ်နိုင်ရန် ဆန်းစစ်အ ကဲဖြတ်သည့်နည်းစနစ် ပါဝင်သည်။ International IDEA မိသားစု၏ နိုင်ငံသားများက ဦးဆောင် သော ဆန်းစစ်အကဲဖြတ်ချက် မူဘောင်များ၏ နောက်ဆုံးရ ထုတ်ဝေမှုဖြစ်ပြီး နိုင်ငံအဆင့် ဒီမိုကရေစီကို ဆန်းစစ်အကဲဖြတ်ချက်မူဘောင်နှင့် ဒေသန္တရအဆင့် ဒီမိုကရေစီကို ဆန်းစစ်အကဲဖြတ်ချက်မူဘောင်တို့ ပါဝင် သည်။
လမ်းညွှန်အသုံးပြုသူများသည် အများပြည်သူသို့ ဝန်ဆောင်မှုပေးခြင်းနှင့် သက်ဆိုင်သည့် မူဝါဒလုပ်ငန်းစဉ် တ လျှောက်တွင် တာဝန်ယူရမည့်သူများကို တာဝန်ခံစေခြင်း ရှိ၊ မရှိ နှင့် ယင်းကဲ့သို့ တာဝန်ခံခြင်းစနစ်များ တိုး တက်ရေးအတွက် မည်သို့နည်းလမ်းသစ်များရှာဖွေမည် ဆိုသည်တို့အား ဆုံးဖြတ်ရန် လမ်းညွှန်ထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။

Contents
အမှာစကား
နိဒါန်း
၁။ ဆန်းစစ်အကဲဖြတ်ခြင်း အယူအဆများ
၂။ ဆန်းစစ်အကဲဖြတ်ခြင်း မူဘောင်
၃။ ဆန်းစစ်အကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်၊ အရေးပါသော ဖြစ်ရပ်များနှင့် လုပ်ငန်းလည်ပတ်မှု
နောက်ဆက်တွဲများ